Road Map

Facebook YouTube Pinterest

📈ပြည်တွင်း ပြည်ပ မှာ ဝင်ငွေမြင့်မားတဲ့ Programmer တွေ ဘယ် လို System တွေအသုံးပြုနေလဲ..?

1⃣”Web Development”

Internet နည်းပညာခေတ်မှာ ကျော်သွားလို့မရတဲ့ အပိုင်းဖြစ်ပါတယ်။
Website ရေးမှ မဟုတ်တော့ပါဘူး E commerce , Software , Mobile App နှင့် Game တွေ အားလုံးကWeb နည်းပညာ တွေ အခြေခံ အသုံး ပြုနေပါတယ်။


အရင်ဆုံး HTML5, CSS3 , JS ES6 တို့က Front-end အတွက် မဖြစ်မနေ လေ့လာရတော့မှာပါ။ Back-end အတွက်တော့ PHP , MYSQL တို့ကို ကျွမ်းကျင် ပိုင်နိုင်ဖို့လိုအပ်ပါတယ်။


2⃣”Web Application & Software Development”

Programmer ဖြစ်ချင်တဲ့ သူတိုင်း က Web Application အပိုင်း က ဘယ်လောက် အရေးကြီးလဲသိဖို့လိုပါတယ်။ မိမိ ဝင်ငွေနဲ့Projects အဆင့်အတန်း ကို ခြားနား သွားစေမှာပါ။

အစစအရာအရာ Up to Date ပြောင်းလဲ နေတဲ့ နည်းပညာပိုင်းမှာ လုပ်ငန်းတစ်ခု ခြင်းစီက အစ Company ကြီးတွေ အထိ လက်ရှိ ဘာတွေ လိုအပ်နေလဲသိရပါမယ်။


လွန်ခဲ့တဲ့ 5နှစ် က Software တွေ ယနေ့အချိန်သုံး လို့အဆင်မပြေတော့သလို Web နည်းပညာဖြင့် ERP(Enterprise Resource Planning) System, POS(Point of Sale) System တွေ က ပိုမို အဆင့်မြင့် စွာ အသုံးပြုနေကြပါပြီ။


Page Myanmar, Yoma, Global Connect Asia, Safecoms Myanmar, Asia Matrix, DIGI POWER, Vision to Motion,Atlas Myanmar, ICT Star, & Myanmar Miracle Tech စသဖြင့် ပြည်တွင်း နည်းပညာ Software Company တွေက Web Application & Software Market မှာ ဦးဆောင် လုပ်ကိုင်နေ ကြပါတယ်။


ကမ္ဘာအကောင်းဆုံး Django , Odoo System တွေကို လက်တွေ့အသုံး ပြု ရေးသားပေးနေကြသလို ဝင်ငွေမြင့်မားတဲ့ Programmer တွေ အဖြစ် ရပ်တည်နိုင်အောင်လမ်းပြ သင်ကြားပေးနေကြပါတယ်။


3⃣”Mobile Application Development”

Website, E commerce, ERP & etc… တို့ရေးသားနိုင်ရင် Smartphone ပေါ်မှာ အသုံးပြု နိုင်ဖို့Mobile App က လဲ မဖြစ် မနေ လိုအပ်ပါတယ်။

Java Programming ပိုင်းဖြင့် လေ့လာခဲ့သူ ဆိုရင် Dark Language & Flutter ဖြင့် Android oriOS ပိုင်းတွေ ဆက်လက် ရေးသားနိုင်အောင် လေ့လာရပါမယ်။


PHP, Python တို့လို Web နည်းပညာပိုင်းဖြင့် လေ့လာခဲ့သူ ဆိုရင် JS ES6 & React Native ဖြင့် Android or iOS ပိုင်းတွေ ဆက်လက် ရေးသားနိုင်အောင် လေ့လာရပါမယ်။


အားလုံး ပဲ ပြည်တွင်း ပြည်ပ မှာ Programmer အဖြစ် ရပ်တည်နိုင်ဖို့ အသုံးအများဆုံး နဲ့ လွယ်ကူ မြန်ဆန် မဲ့ လမ်းကြောင်းတွေ ကို လမ်းညွှန် ပေးလိုက်ပါတယ်။


🎁အားလုံး မိမိ ရည်မှန်းချက် ပန်းတိုင် အဆုံး အထိ ရှောက်လှမ်းနိုင်ပြီး ဝင်ငွေမြင့်မားတဲ့ Programmer အဖြစ်ရပ်တည်နိုင်ပါစေ…။
Page Myanmar Web Engineer School